ငလျင်ကြောင့် အမရပူရ ကျော်အောင်စံထား ကျောင်းတိုက်ပြိုကျမှု ဗန်းမော်စစ်ရှောင် အဖိုးအိုတစ်ဦး ပိ မိ၍ အသက်ဆုံးရှုံး

Apr 19 • 8:48 AM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ကြောင့် အမရပူရ ကျော်အောင်စံထား ကျောင်းတိုက်ပြိုကျမှု ဗန်းမော်စစ်ရှောင် အဖိုးအိုတစ်ဦး ပိ မိ၍ အသက်ဆုံးရှုံး

မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် အမရပူရမြို့နယ်ရှိ ကျော်အောင်စံထားကျောင်းတိုက် ပြိုကျခဲ့စဥ် ဗန်းမော်မှ စစ်ဘေးရှောင်နေသည့် အဖိုးအိုတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြေ...

မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် အမရပူရမြို့နယ်ရှိ ကျော်အောင်စံထားကျောင်းတိုက် ပြိုကျခဲ့စဥ် ဗန်းမော်မှ စစ်ဘေးရှောင်နေသည့် အဖိုးအိုတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ယနေ့တွင် စစ်ရှောင်အရေးဆောင်ရွက်ပေးနေသည့် သုညသုခလူငယ်ပရဟိတအဖွဲ့ထံမှ သိရသည်။ ဗန်းမော်မြို့ဒေသခံ စစ်ရှောင်စု(၁၃)စုမှာ ယင်းကျောက်တိုက်အတွင်း ခိုလှုံနေထိုင်စဉ် ငလျင်ဒဏ်ကို ခံစားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် အဆိုပါ ဗန်းမော်ဒေသခံ အိမ်ထောင်စု(၁၃)စုမှာ ၎င်းကျောင်းဝန်းအတွင်း၌ပင် ယာယီတဲများထိုး၍ နေထိုင်နေကြကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်အတွင်း အမရပူရမြို့နယ် ကျော်အောင်စံထားကျောင်း တိုက်အတွင်းရှိ သာသနိက အဆောက်အဦများလည်း ပျက်စီးဆုံးရှုံးမှုများခဲ့ရကြောင်း သိရသည်။



news-view-count-icon

62