နေ့ခင်းတစ်ရေးအိပ်သည့်အခါသတိပြုရမည့်အရေးကြီးအချက်များ

Apr 08 • 6:16 AM

breaking-news

မြန်မာ

ပြည်ပ

cover

နေ့ခင်းတစ်ရေးအိပ်သည့်အခါသတိပြုရမည့်အရေးကြီးအချက်များ

နေ့ခင်းနေ့လယ် တစ်ရေးတစ်မောအိပ်ပြီး ညရောက်တဲ့အခါ ပုံမှန်အိပ်ပျော်ဖို့ ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။ နေ့ခင်းတစ်ရေးအိပ်ခြင်းက အကောင်းရော အဆိုးပါ ဖြစ်နိုင်စေတယ်လို့ ယူ...



နေ့ခင်းနေ့လယ် တစ်ရေးတစ်မောအိပ်ပြီး ညရောက်တဲ့အခါ ပုံမှန်အိပ်ပျော်ဖို့ ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။ နေ့ခင်းတစ်ရေးအိပ်ခြင်းက အကောင်းရော အဆိုးပါ ဖြစ်နိုင်စေတယ်လို့ ယူကေ ဝါဝစ်ခ်ဆေးတက္ကသိုလ်မှ စိတ်ကျန်းမာရေး တွဲဖက်ပရော်ဖက်ဆာ တယ်လာမော့ခ်တာရီယန်က ဖော်ပြထားပါတယ်။ မှန်ကန်စွာ အိပ်စက်တတ်ရင် ဦးနှောက်ကို အားဖြည့်ပေးပြီး အာရုံစူးစိုက်မှု၊ ကျန်းမာရေးတို့ကို တိုးတက်စေပေမယ့် ကောင်းစွာအသုံးမချရင်တော့ ညဘက်အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။ အဓိကကွာခြားသွားတာက အချိန်နဲ့ ကြာချိန်တို့ဖြစ်ပါတယ်။ အများစုဟာ မွန်းလွဲအစောပိုင်း ၁ နာရီနဲ့ ၄ နာရီကြားမှာ နိုးကြားမှုကျဆင်းသွားလေ့ရှိပါတယ်။


news-view-count-icon

7