ကျိုက်ထိုမြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့ ယာဥ်မောင်း သိန်းမင်းထွန်း (၃၈)နှစ် (ဘ)ဦးသန်းထူး၊ ဆိပ်ကမ်းကြီးကျေးရွာ၊ သိမ်ဇရပ်မြို့ နေထိုင်သူ မောင်းလာပြီး၊ ယာဥ်နောက်လိုက်၊ ဟိန်းမင်းအောင်း (၁၉)နှစ်(ဘ) ဦးစိန်ပေါ၊ တစ်ရွာထဲနေသူ လိုက်ပါလာသော၊ YGN-9Q/---- နံပတ်တပ် HINO အမျိုးအစား အဖြူရောင်၊ လိပ်သဲကျောက်များတင်လာသော ၂၂ ဘီးတွဲကားမှာ၊ မိုင်တိုင်အမှတ် (၇၀/၇)နှင့်(၇၁/၀)အကြား ဝေါမြို့ ရွှေဘုန်းပွင့်ဘုရားရှေ့အရောက်၊ ဘုရားကြီးမြို့ဘက်မှ၊ ကျိုက်ထိုမြို့ဘက်သို့၊ အောင်မျိုးထွန်း(၂၆) နှစ်(ဘ) ဦးတင်ဝအိမ်စုကျေးရွာ၊ ဝေါမြို့နယ်နေသူမောင်းလာသောBGO-71W-----HONDA-WAVE-110/စိမ်နက်ရောင်၊အမျိုးအစာ ဆိုင်ကယ်အား မျက်နာခြင်းဆိုင် မောင်းလာစဥ်၊အရှိန်မထိန်းနိုင်ပဲ တိုက်မိပြီး တိမ်းမှောက်သွားသဖြင့်တွဲကားယာဥ်မောင်း၊ သိန်းမင်းထွန်းမှာဦးခေါင်းယာဘက်ဂျိုဇောင်းပေါက်ပြဲဒဏ်ရာ၊ နဖူးဝဲဘက်ပွန်းဒဏ်ရာ၊ ဝဲပါး ဝဲနားပွန်းဒဏ်ရာ၊ ဝဲလက်မကျိုးဒဏ်ရာ၊ ယာဥ်နောက်လိုက်မှာလဲ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဆိုင်ကယ်ယာဥ်မောင်း အောင်မျိုးထွန်းဆိုသူလဲ ထိခိုက်ဒဏ်ရာရရှိ့ခဲ့တယ်လို့သိရသည်။ဖြစ်စဥ်နဲ့ပါတ်သက်၍ သိန်းမင်းထွန်း(၃၈)နှစ်၊ အောင်မျိုးထွန်း(၂၆)နစ်၊ တို့ကို ဝေါမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၃၇-၃၃၈ နဲ့အမှု့ဖွင့်ထားပြီး ဆက်လက် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။



