ဟောင်ကောင် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီမှ ကြီးမှူးကျင်းပသော ၂၉ ကြိမ်မြောက် ဟောင်ကောင် နိုင်ငံတကာ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲပြပွဲ (FILMART) ၊ အာရှ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲဖိုရမ်ကို မတ် ၁၇ ရက်မှ စ၍ ၄ ရက်ဆက်တိုက် ဟောင်ကောင် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပခဲ့ရာ ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၃၄ ခုမှ ကုမ္ပဏီပေါင်း ၇၆၀ ကျော် ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့သည်။



