ရှမ်းပြည်နယ်၊နမ့်စန်မြို့ တွင်KTVများ ပိုများလာသလို မူးယစ်ဆေး များလည်း ပေါ်ပေါ်ထင်ထင် သုံးစွဲနေ

Mar 13 • 5:51 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊နမ့်စန်မြို့ တွင်KTVများ ပိုများလာသလို မူးယစ်ဆေး များလည်း ပေါ်ပေါ်ထင်ထင် သုံးစွဲနေ

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် KTV (ကေတီဗွီ) ဆိုင်များ ယခင်ကထက် ပိုများလာပြီး အထဲတွင် မူးယစ်ဆေးဝါးများပါ ပေါ်ပေါ်ထင်ထင် သုံးစွဲခွင့်ရနေကြောင်း စုံစမ်း...

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် KTV (ကေတီဗွီ) ဆိုင်များ ယခင်ကထက် ပိုများလာပြီး အထဲတွင် မူးယစ်ဆေးဝါးများပါ ပေါ်ပေါ်ထင်ထင် သုံးစွဲခွင့်ရနေကြောင်း စုံစမ်းသိရပါတယ်။ နမ့်စန်မြို့အတွင်းရှိ နာမည်ကြီး ကလပ်၊ ဘားများနှင့် KTV များ၊ လောင်းကစားရုံ၊ ပွဲများတွင် မူးယစ်ဆေးဝါးများကို လွယ်ကူစွာ သုံးစွဲခွင့် ရရှိနေပြီး ၂၄ နာရီ မပြတ် ဖွင့်လှစ်ထားကြောင်း နမ့်စန်မြို့ဒေသခံ အမျိုးသားတစ်ဉီးကပြောပါတယ်။လက်ရှိ နမ့်စန်မြို့တွင် KTV ဆိုင်အတွင်းရှိ ဟိုင်းခန်း (သီးသန့်ခန်း) များအတွက် ဈေးနှုန်း အမျိုးမျိုးရှိပြီး တစ်နာရီ အနည်းဆုံးဈေး တစ်သိန်းကျပ်မှ စတင်ပြီး ကျပ်သိန်းရာချီအထိ ပေးရကြောင်းဒေသခံကဆိုကာKTV များတွင် မူးယစ်ဆေး အမျိုးအစား စုံစုံလင်လင် ရရှိပြီး လက်ရှိခေတ်စားနေသည့် မူးယစ်ဆေးဝါး အမျိုးအစားများဖြစ်သည့် ကေ K ၊ အီး E ၊ ဟက်ပီးဝါးတား Happy Water ၊ ရွှေ၊ ဂျယ်လီ စသည်ဖြင့် ရရှိနိုင်ပြီး စိတ်ကြွဆေးများကို တစ်လုံးလျှင် ကျပ်လေးသောင်းနှင့် ကေ K မူးယစ်ဆေးဝါး တစ်ထုပ်လျှင် ကျပ်ငါးသောင်း ဈေးပေါက်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။



news-view-count-icon

15