ပဲခူးမြို့ရှိ သမိုင်းဝင် ရွှေဂူလေးစေတီတော်တွင် မိုးကြိုးထိမှန်ပျက်စီးမှုကြောင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားနှင့် ရွှေထီးတော်တို့ကို အသစ်ပြန်လည်ကပ်လှူပူဇော်သည့် မင်္ဂလာအခမ်းအနားကို မတ်လ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များ ဦးဆောင်ကာ စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ပူဇော်ပြီး ရတနာအသစ်များကို တင်လှူခဲ့ကြသည်။ ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ကာ ပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ်များအား စတုဒိသာကျွေးမွေးခဲ့ကြသည်။



