ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွှေပင့်ကူလမ်းတွင် မတ်လ(၆)ရက်နေ့က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ခံစားရသော အိမ်ထောင်စု (၁၄)စုအတွက် မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ တာပေါ်လင်နှင့် အိမ်ဆောက်အထောက်အကူပြုပစ္စည်းများစသည့်အသုံးအဆောင်ပစ္စည်းများကို အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ထောက်ပံ့ကူညီပေးခဲ့ပါသည်။



