လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအခြေအနေကြောင့် ရန်ကုန်မြို့ပေါ်တွင် နေထိုင်စားသောက်စရိတ် ကြီးမြင့်လာမှုကြောင့် မြို့ပေါ်နေအိမ်များကို ရောင်းချကာ တန်ဖိုးနည်းမြို့သစ်များသို့ ပြောင်းရွှေ့နေထိုင်မှုများလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ စီးပွားရေးအဆင်မပြေမှု၊ ကျန်းမာရေးစရိတ်လိုအပ်မှု၊ စီးပွားရေးပြန်လည်တည်ဆောက်လိုမှုနှင့် နေ့စဉ်ရင်ဆိုင်နေရသော ပြဿနာများကြောင့် သာကေတ၊ ဒေါပုံ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်၊ မြောက်ဥက္ကလာပ အစရှိသော မြို့သစ်များသို့ ရွေ့ပြောင်းနေထိုင်မှုများလာကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်မြို့ စီးပွားရေးကျပ်တည်းမှုကြောင့် မြို့ပေါ်နေထိုင်သူများ မြို့သစ်များသို့ ရွေ့ပြောင်း
Mar 12 • 1:45 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
3 | 0 | 0 | 0 |