ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ၀ဏ္ဏသိင်္ဂီလမ်းက တိုက်တစ်ခုရဲ့ ပထမထပ်မှာ အမျိုးသမီးတစ်ယောက် အနုကြမ်းစီးခံရပြီး ဓားဒဏ်ရာတွေ ရရှိခဲ့

Mar 11 • 7:12 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ၀ဏ္ဏသိင်္ဂီလမ်းက တိုက်တစ်ခုရဲ့ ပထမထပ်မှာ အမျိုးသမီးတစ်ယောက် အနုကြမ်းစီးခံရပြီး ဓားဒဏ်ရာတွေ ရရှိခဲ့

မတ်လ ၁၀ ရက်၊ ညနေ ၃ နာရီလောက်ကရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ၀ဏ္ဏသိင်္ဂီလမ်းက တိုက်တခုရဲ့ ပထမထပ်မှာ အမျိုးသမီးတစ်ယောက်ဟာ အနုကြမ်းစီးခံရပြီး ဓားဒဏ်ရ...

မတ်လ ၁၀ ရက်၊ ညနေ ၃ နာရီလောက်ကရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ၀ဏ္ဏသိင်္ဂီလမ်းက တိုက်တခုရဲ့ ပထမထပ်မှာ အမျိုးသမီးတစ်ယောက်ဟာ အနုကြမ်းစီးခံရပြီး ဓားဒဏ်ရာတွေ ရရှိခဲ့တယ်လို့‌ မြို့ခံတွေထံက သိရပါတယ်။သမီးဖြစ်သူကို ကျောင်းကြိုဖို့ တိုက်ခန်းအပြင်ထွက်လာတဲ့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတယောက်ဟာ အဆိုပါတိုက်ရဲ့ လှေကားအတက်အဆင်းနေရာမှာပဲ လုယက်သူနဲ့ ကြုံခဲ့ရတာလို့ လုယက်ခံရသူ အမျိုးသမီးက ထွက်ဆိုထားပြီး

“ရဲစစ်ချက်မှာတော့ အိတ်နဲ့ ခေါင်းကို အစွပ်ခံရကာ နှစ်ချက် အရိုက်ခံရပြီး သူ မေ့နေတဲ့အချိန်မှာ ပစ္စည်းတွေ အလုခံရကာ သူ့ယောကျ်ားပြန်လာမှ ဒီလိုဖြစ်တာကို သိရပြီး လည်ပင်းမှာ ပြတ်ရှဒဏ်ရာ အနည်းငယ်တော့ တွေ့ရပါတယ်လို့သိရပါတယ်။ရိုက်နှက်ခံရလို့ သတိမေ့နေတဲ့ အမျိုးသမီးကို အိမ်ပြန်လာတဲ့ ခင်ပွန်းဖြစ်သူက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။သတိမေ့နေချိန်အတွင်း လုယက်ခံရတဲ့ ငွေသားနဲ့ ပစ္စည်းစာရင်းကို စိစစ်နေဆဲဖြစ်ပြီး လက်ရှိမှာလုယက်သူကို တာမွေမြို့မရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲဖြစ်နေပါတယ်။



news-view-count-icon

35