ရန်ကုန်မြို့ရှိဝဇီရာရုပ်ရှင်ရုံကို အနုပညာဖန်တီးနိုင်သည့် နေရာတစ်ခုအဖြစ် ဆောင်ရွက်မည်

Mar 07 • 1:30 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ရှိဝဇီရာရုပ်ရှင်ရုံကို အနုပညာဖန်တီးနိုင်သည့် နေရာတစ်ခုအဖြစ် ဆောင်ရွက်မည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းမှာရှိသော ဝဇီရာရုပ်ရှင်ရုံကို ပြင်ဆင်ထိန်းသိမ်းပြီးပါက ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး...


ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းမှာရှိသော ဝဇီရာရုပ်ရှင်ရုံကို ပြင်ဆင်ထိန်းသိမ်းပြီးပါက ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးတွေ၊ စတူဒီယိုနဲ့ အနုပညာဖန်တီးနိုင်မယ့် နေရာတစ်ခုအဖြစ် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေ၊ ရုပ်ရှင်နဲ့ဆိုင်တဲ့ အမှတ်တရပွဲတွေ၊ Memory Flim Festival လို ပွဲတော် တွေ ကျင်းပတာ၊ ပြည်ပခရီးသွားဧည့်သည်တွေ ရှေးဟောင်း အမွေအနှစ်ပြတိုက်တစ်ခုအဖြစ် လည်ပတ်ရာ နေရာ တစ်ခုအဖြစ် ဖန်တီးတာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရှေးဟောင်းဇာတ်ကားတွေပြသတာ၊ ရုပ်သေးပွဲတွေ ပြသတာနဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပြခန်းတွေ ပြသတာတွေကိုပါ ဆောင်ရွက်သွားမယ်လို့ သိရပါသည်။ဝဇီရာရုပ်ရှင်ရုံဟာ ဆူးလေစေတီတော်အနီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ တည်ရှိနေတာကြောင့် ရုပ်ရှင်လုပ်ငန်းတွေသာမက အနုပညာနဲ့ ဆိုင်တဲ့ အခြားလုပ်ငန်းတွေအားလုံးကို ဆောင်ရွက်နိုင်တဲ့အပြင် နိုင်ငံရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ မြင့်မားပြန့်ပွားစေဖို့ ဖော်ဆောင်နိုင်တဲ့အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်တယ်လို့လည်း သိရပါသည်။



news-view-count-icon

28