ထိုင်းနိုင်ငံ မဟာချိုင်တွင် အလုပ်လုပ်ကိုင်ရန် ပွဲစားထံ ဘတ်တစ်သောင်းခွဲစီပေး၍ တရားမဝင်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်ညပိုင်းတွင် ထိုင်းအာဏာပိုင်များက စံခလဘူရီမြို့နယ်ရှိ တောအုပ်တစ်ခုအတွင်း ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာပြီး စမွတ်စခွန်ခရိုင် မဟာချိုင်တွင် အလုပ်လုပ်ရန် ရည်ရွယ်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။ ဖမ်းဆီးခံရသူများကို Sangkhlaburi ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူမည်ဖြစ်သည်။ ယခင် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း မလေးရှားသို့သွားရန် ပွဲစားခ ဘတ်နှစ်သောင်းပေးခဲ့ရသော မြန်မာအလုပ်သမား ၂၈ ဦးကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။



