သရုပ်ဆောင်နော်ဖောအယ်ထားရဲ့လက်ရှိချစ်သူဟာဆီဆိုင်ပိုင်ရှင်သား/ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ထက်ခိုင်ဝင်းဖြစ်နေ

Mar 04 • 2:37 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သရုပ်ဆောင်နော်ဖောအယ်ထားရဲ့လက်ရှိချစ်သူဟာဆီဆိုင်ပိုင်ရှင်သား/ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ထက်ခိုင်ဝင်းဖြစ်နေ

သရုပ်ဆောင်နောင်ဖောအယ်ထား ရဲ့ လက်ရှိချစ်သူ ထက်ခိုင်ဝင်းကတော့ မြတ်မေတ္တာမွန် MMTM စက်သုံးဆီဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်ပြီး ခတ္ထိယရုပ်ရှင်ထုတ်လုပ်ရေးအမည်နဲ့ ကံကောင်း...

သရုပ်ဆောင်နောင်ဖောအယ်ထား ရဲ့ လက်ရှိချစ်သူ ထက်ခိုင်ဝင်းကတော့ မြတ်မေတ္တာမွန် MMTM စက်သုံးဆီဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်ပြီး ခတ္ထိယရုပ်ရှင်ထုတ်လုပ်ရေးအမည်နဲ့ ကံကောင်းရုပ်ရှင်ဇာတ်ကားကြီး(ပိုင်တံခွန်နဲ့ခွေးလေးကံကောင်းဇာတ်ကား) ကို ထုတ်လုပ်သူအဖြစ် အကယ်ဒမီဆုရခဲ့ဖူးသူလည်းဖြစ် Heyplay ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။သရုပ်ဆောင်နော်ဖောအယ်ထားဟာ အဆိုတော်၊သရုပ်ဆောင်လွှမ်းပိုင်နဲ့ တစ်ချိန်က ဗီဒီယို တစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆိုတော်လွှမ်းပိုင် နဲ့ ချစ်သူဟောင်း အဆိုတော်မလေးတို့ဟာ သူမကြောင့် လမ်းခွဲခဲ့ကြတယ်ဆိုတဲ့ သတင်းတွေလက်ရှိမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။တစ်ပြိုင်တည်းမှာပဲ နော်ဖောအယ်ထား နဲ့ လက်ရှိတွဲနေတဲ့ချစ်သူရဲ့ ပုံရိပ်တွေလည်း ပေါ်ထွက်လာခဲ့ပြီး သူမကိုယ်တိုင်ပဲ အဆိုပါ ထက်ခိုင်ဝင်းဆိုသူနဲ့ ချစ်သူတွေဖြစ်နေတာမှန်ကန်ကြောင်း ဘယ်သူဘာပြောပြော ချစ်သူကသူမဘက်မှာ ရပ်တည်ကြောင်း ပြောလာခဲ့ပါတယ်။ ဒါပေမယ့် ထက်ခိုင်ဝင်းက နော်ဖောအယ်ထား နဲ့မတွဲခင် ၁၀နှစ်နီးပါးတွဲခဲ့တဲ့ ချစ်သူကောင်မလေးရှိခဲ့ပြီး ယူခါနီးမှ နော်ဖောအယ်ထားက ရယူသွားခဲ့တာဖြစ်လို့ နော်ဖောအယ်ထား ဟာ ၁၃နှစ်ဝန်းကျင် ချစ်သက်တမ်းရှိတဲ့ လွှမ်းပိုင်တို့စုံတွဲကိုရော ၁၀နှစ်ဝန်းကျင်ချစ်သက်တမ်းရှိခဲ့တဲ့ ထက်ခိုင်ဝင်းတို့ စုံတွဲကိုရော လမ်းခွဲတဲ့အထိဖြစ်စေတဲ့ အဓိကသူအဖြစ် ပြောဆိုနေကြတာ ဖြစ်ပါတယ်။



news-view-count-icon

99