ဧရာဝတီတိုင်းဒေသကြီး၌ထင်ရှားသည့် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး တပေါင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။တပေါင်းပွဲတော်ကို မတ် ၇ ရက်(တပေါင်းလဆန်း ၉ ရက်)မှ မတ် ၁၄ ရက်(တပေါင်းလပြည့်ကျော်တစ်ရက်)အထိ ရှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။



