တရုတ်နိုင်ငံ၏ အာကာသစခန်းသို့ လာမည့်နှစ်အနည်းငယ်အတွင်း ပထမဆုံး နိုင်ငံခြားသား အာကာသယာဉ်မှူးအား စေလွှတ်မည် ဖြစ်ပါသည်။ ၎င်းအစီအစဉ်အတွက် ပါကစ္စတန်နိုင်ငံသား အာကာသယာဉ်မှူးများ ရွေးချယ်ခြင်းနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို တရုတ်နှင့် ပါကစ္စတန်တို့က သောကြာနေ့ (ဖေဖော်ဝါရီ ၂၈)တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။



