ရှမ်းပြည်နယ်မြို့တော် ၊ တောင်ကြီးမြို့တွင် ဆိုင်ကယ်သူခိုး ၊ ဖုန်းသူခိုးများ ဆက်လက် သောင်းကျန်းနေကြောင်း သိရသည်။မတ်လ ၂ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်၊ အောက်ရေထွက် အနီး၊ သွားဆေးခန်း ပြနေရင်း ငြိမ်း - သွားဆေးခန်း ရှေ့တွင် ရပ်ထားသော Honda Wave 100 ဆိုင်ကယ်နံပါတ် ၇၉ /ယ ၈၄၀၈၆ ဖြင့် အနက်ရောင်၊ ခဲရောင် စပ်ကြား မော်တော်ဆိုင်ကယ် လိုင်စင်ဘီး တစ်စီး ခိုးယူခြင်း ခံလိုက်ရကြောင်း သိရသည်။တောင်ကြီးတွင်မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများ နေ့စဉ် ရှိပြီး ၊ တောင်ကြီး ဈေးနေ့တိုင်း အကြိမ်ကြိမ် ခိုးယူနေသော သူခိုး တစ်ယောက် ကို ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်း စောစော ၆ နာရီ ခန့် အချိန် တွင် ဖမ်းမိခဲ့သေးကြောင်း သိရသည်။
တောင်ကြီးတွင် သူခိုးများ ဆက်လက်သောင်းကျန်းနေ
Mar 03 • 10:07 AM
မြန်မာ
ရှမ်း
မျှဝေမည်
8 | 0 | 0 | 0 |