စာရေးဆရာ၊ ကဗျာဆရာကြီး ဦးချစ်နိုင်(ခ) တောသားကြီးလူနိုင် အသက်(၉၇)နှစ်သည် (၉၆) ပါး လူကြီးရောဂါဖြင့် မတ် ၂ ရက်၊ ညနေ ၄ နာရီခွဲက ကွယ်လွန်သွားကြောင်း သိရှိရပါသည်။မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ နေအိမ်တွင် (၉၆) ပါး လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး မကွယ်လွန်မီသည့်တိုင် စာကဗျာများ တစ်စိုက်မတ်မတ် ရေးသားခဲ့ကြောင်း သိရသည်။စာရေးဆရာ၊ ကဗျာဆရာကြီး တောသားကြီးလူနိုင်သည် ရသစာစဥ်အဖွဲ့၏ နာယကကြီးတစ်ဦးလည်းဖြစ်ပါသည်။



