မြန်မာနိုင်ငံပြည်တွင်းတွင် ယမာကာဈေးနှုန်းမြင့်တက်မှုကြောင့် ဈေးနည်းသောအရက်ကြမ်းသောက်သုံးမှုများလာ၍ ကျန်းမာရေးထိခိုက်နိုင်

Feb 28 • 6:10 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံပြည်တွင်းတွင် ယမာကာဈေးနှုန်းမြင့်တက်မှုကြောင့် ဈေးနည်းသောအရက်ကြမ်းသောက်သုံးမှုများလာ၍ ကျန်းမာရေးထိခိုက်နိုင်

ဖေဖော်ဝါရီ၂၈ရက်တွင်မြန်မာ့ပြည်တွင်းရှိယမကာဈေးနှုန်းများ မြင့်တက်လာမှုနှင့် ပြည်သူများ၏ ဝင်ငွေပိုင်းဆိုင်ရာလျော့နည်းကျဆင်းလာမှုကြောင့် အဖိုးနှုန်းထားနည်းပါးသော အ...

ဖေဖော်ဝါရီ၂၈ရက်တွင်မြန်မာ့ပြည်တွင်းရှိ

ယမကာဈေးနှုန်းများ မြင့်တက်လာမှုနှင့် ပြည်သူများ၏ ဝင်ငွေပိုင်းဆိုင်ရာလျော့နည်းကျဆင်းလာမှုကြောင့် အဖိုးနှုန်းထားနည်းပါးသော အရက်ကြမ်းကိုပိုမိုသောက်သုံးလာကြကြောင်းမန္တလေးဒေသခံ ယမကာလုပ်ငန်းလုပ် ကိုင်သူများကပြောပါတယ်။လက်ရှိအချိန်တွင် ယမကာဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ်မတိုင်မီကာလကထက် အနည်းဆုံး ၃ ဆမှ ၅ ဆ အထိမြင့်တက်ခဲ့ကာ အရက်ကြမ်းများမှာမူ၂ ဆဝန်းကျင်အထိသာဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ရာအရည်အသွေးနိမ့်ယမကာအမျိုးအစားများသောက်သုံးမှုများပြားလာမှုကြောင့် အသည်း၊ ကျောက်ကပ်နှင့်အစာအိမ်အူလမ်းကြောင်းရောဂါများဖြစ်ပွားမှုနှုန်းပိုမိုများပြားလာသည်ကိုတွေ့မြင်နေရကြောင်း မြို့နယ်အဆင့်ဆရာဝန်တစ်ဦးကဆိုပါတယ်။



news-view-count-icon

62