ရန်ကုန်-ပြည်လမ်းအတိုင်းခရေပင်လမ်းဆုံမှထောက်ကြန့်လမ်းဆုံဘက်သို့စက်ပျက်၍ရပ်တန့်ထားသောယာဥ်နောက်ပိုင်းအားအိမ်စီးယာဥ်မှတိုက်မိ၍ယာဥ်မောင်းသူဒုကျောင်းအုပ်တစ်ဦး‌ဆုံးပါးခဲ့

Feb 28 • 5:47 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်-ပြည်လမ်းအတိုင်းခရေပင်လမ်းဆုံမှထောက်ကြန့်လမ်းဆုံဘက်သို့စက်ပျက်၍ရပ်တန့်ထားသောယာဥ်နောက်ပိုင်းအားအိမ်စီးယာဥ်မှတိုက်မိ၍ယာဥ်မောင်းသူဒုကျောင်းအုပ်တစ်ဦး‌ဆုံးပါးခဲ့

ဖေဖော်ဝါရီ(၂၆)ရက်နေ့ည(၈:၃၀)အချိန်ခန့်ကရန်ကုန်-ပြည်လမ်းအတိုင်းခရေပင်လမ်းဆုံမှထောက်ကြန့်လမ်းဆုံဘက်သို့-သင်တန်းကျောင်းဒုကျောင်းအုပ်အရာရှိတစ်ဦးမောင်းနှင်လာသောHONDA...

ဖေဖော်ဝါရီ(၂၆)ရက်နေ့ည(၈:၃၀)အချိန်ခန့်ကရန်ကုန်-ပြည်လမ်းအတိုင်းခရေပင်လမ်းဆုံမှထောက်ကြန့်လမ်းဆုံဘက်သို့-သင်တန်းကျောင်းဒုကျောင်းအုပ်အရာရှိတစ်ဦးမောင်းနှင်လာသောHONDAFIT SHUTTLE အမျိုးအစားအဖြူ

ရောင်ယာဥ်မှမြန်မာစီပီလိုက်ဖ်စတော့စက်ရုံဝင်ပေါက်အလွန်သို့အရောက်အရှိန်မထိန်းနိုင်ပဲလမ်းယာဘက်ဘေး၌စက်ပျက်၍ရပ်နားထားသည့်JING GONG အမျိုးအစားတွဲယာဥ်နောက်ပိုင်းအားဝင်ရောက်တိုက်မိခဲ့ရာအိမ်စီးယာဥ်မောင်းသူဒုကျောင်းအုပ်အရာရှိမှာအခင်းဖြစ်နေရာ၌ရရှိသောဒဏ်ရာများဖြင့်သေဆုံးခဲ့ရပါတယ်။အဆိုပါယာဥ်တိုက်မှုကြောင့်အိမ်စီးယာဥ်ရှေ့ပိုင်းနှင့်တွဲယာဥ်နောက်ပိုင်းတို့၌ပျက်စီးခဲ့ပြီး‌ဆုံးပါးသွားသူ၏ရုပ်အလောင်းအားတဆေးရုံကြီးသို့ပို့ဆောင်ပေးပြီးယာဥ်မဆင်မခြင်မောင်းနှင်ခဲ့သည့်ဒုကျောင်းအုပ်အရာရှိ(သေ ဆုံး)အားထောက်ကြန့်နယ်မြေရဲစခန်းယာဥ်(ပ)၄/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ၃၀၄-က/က၂၇၉ ဖြင့်အမှုဖွင့်အရေးယူခဲ့ပါတယ်။

news-view-count-icon

25