ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊စံကားအင်းဒေသတွင် ကလေးငယ်များဝမ်းပျက်ဝမ်းလျှောအဖြစ်များပြီး သေဆုံးမှုအထိရှိလာနေ

Feb 28 • 4:37 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊စံကားအင်းဒေသတွင် ကလေးငယ်များဝမ်းပျက်ဝမ်းလျှောအဖြစ်များပြီး သေဆုံးမှုအထိရှိလာနေ

ဖေဖော်ဝါရီလ(၂၈)ရက်နေ့၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊စံကားအင်းဒေသတွင် ယခုလအတွင်း ကလေးသူငယ် များ ဝမ်းပျက်ဝမ်းလျှောမှုအဖြစ်များနေပြီး သေဆုံးမှုများလည်...

ဖေဖော်ဝါရီလ(၂၈)ရက်နေ့၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊စံကားအင်းဒေသတွင် ယခုလအတွင်း ကလေးသူငယ် များ ဝမ်းပျက်ဝမ်းလျှောမှုအဖြစ်များနေပြီး သေဆုံးမှုများလည်းရှိနေကြောင်း ဒေသခံတစ်ဦးထံမှသိရပါတယ်။ စံကားအင်းဒေသတွင် ဖေဖော်ဝါရီလအတွင်း (၅)နှစ်အောက်ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး အချိန်မှီမကုသပါက သေဆုံးရသည့် အထိဖြစ်နေပါတယ်။အချို့သောကလေးငယ်များက ရွာတွင်းရှိဆေးဆရာများထံတွင်သာ ပြန်လည်ကုသပေးပြီး အချို့သောကလေးငယ်များက ဆေးရုံပို့ကုသမှရကြောင်း သိရပါတယ်။စံကားကျေးရွာနှင့် စံကားကျေးရွာမြောက်ဘက်သို့ ရောက်ရှိနေသည့် စလူများအတွက်လည်း စားနပ်ရိက္ခာနေရာထိုင်ခင်းများ အကူအညီလိုအပ်နေပြီး ကလေးသူငယ်များအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများလိုအပ်နေပါတယ်။

news-view-count-icon

28