ယခုဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင် အိန္ဒိယပေါင်းဆန်နှင့် ထိုင်းဆန်ဈေးနှုန်းများ ကျဆင်းခဲ့ပြီး၊ အိန္ဒိယပေါင်းဆန်သည် ၂၀၂၃ ဇွန်လနောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ကာ၊ ဝယ်လက်နိုင်ငံများတွင် ဆန်လက်ကျန် အလုံအလောက်ရှိနေပြီး ဝယ်လိုအား လျော့နည်းနေချိန်တွင် တင်ပို့ရန် ဆန်များ များပြားနေခြင်းကြောင့် ဖြစ်သည်။ အိန္ဒိယဆန်ဖြူဈေးနှုန်းမှာလည်း အလားတူအခြေအနေရှိပြီး၊ ထိုင်းဆန်မှာလည်း အဝယ်အေးနေကာ ဝယ်လက်များက ဈေးသက်သာသည့် ဗီယက်နမ်နှင့် အိန္ဒိယဆန်များကို ရွေးချယ်နေကြသည်။ ဗီယက်နမ်ဆန်ဈေးနှုန်းမှာ ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ဆောင်း-နွေဦး စပါးပေါ်ချိန်ဖြစ်ခြင်းကြောင့် တင်ပို့ရန် ဆန်များ များပြားလာခြင်းတို့ကြောင့် မြင့်တက်ခဲ့သည်။



