အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ဂိုးမရှိ သရေကျပြီး ထိပ်ဆုံးနေရာက လီဗာပူးလ် အသင်းနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပေမယ့် နည်းပြအာတီတာက ဆုဖလားကို လက်လွှတ်ဖို့ ငြင်းဆန်ထားပါတယ်။ အာတီတာက “လွန်ခဲ့တဲ့ တစ်ပတ်၊ လွန်ခဲ့တဲ့ နှစ်ပတ်၊ လွန်ခဲ့တဲ့ ၃ လလောက်ကလည်း ဒီလိုပါပဲ။ ကျနော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျနော်တို့ရဲ့ပွဲတွေကို အနိုင်ရယူပြီး ရမှတ်ဘယ်လောက် ရယူနိုင်မလဲဆို တာ ကြည့်ရမှာပါ။ ဒီပွဲမှာ ကျနော်တို့ ၂ မှတ်လျော့ခဲ့ပြီး နာကျင်ရပါတယ်။ အနိုင်ရယူဖို့ ရောက်ရှိလာခဲ့တာကြောင့် ခံစားချက် မကောင်းပါဘူး။ ကျနော်တို့ဟာ နိုင်ပွဲရရှိချင်တာကြောင့် နည်းလမ်းပေါင်းမျိုးစုံနဲ့ ကြိုးစားခဲ့သလို ပွဲကိုလည်း ကြီးစိုးနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။



