ဖေဖော်ဝါရီ ၂၅ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် အေးမြသာယာလမ်းသွယ်ရှိ ဂိုဒေါင်တစ်လုံးအနီး၌ ရပ်တန့်ထားသော ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး၊ လုပ်ငန်းသုံးပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁,၂၃၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Dong Feng Truck နှစ်စီး၊ Faw Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၁,၂၃၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် အေးမြသာယာလမ်းသွယ်ရှိ ဂိုဒေါင်တစ်လုံးအနီး၌ ရပ်တန့်ထားသော ယာဉ်သုံးစီးပေါ်မှ လူသုံးကုန်ပစ္စည်း ၁၂ မျိုးဖမ်းမိခဲ့
Feb 27 • 7:02 AM
မြန်မာ
ကချင်
မျှဝေမည်
| 25 | 0 | 0 | 0 |


