ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုသုသာန်အနီးရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများဝယ်ယူရန် လျှောက်ထားသူလေးသိန်းကျော်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။အဆိုပါတိုက်ခန်းများကို ဝင်ငွေနည်းပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများ၊ လက်ရှိဌာနဆိုင်ရာဝန်ထမ်းများအတွက်ရောင်းချပေးခြင်းဖြစ်ပြီး တိုက်ခန်းဈေးနှုန်းများမှာ ငွေကျပ်သိန်း ၁၂၀ မှ သိန်း ၃၂၀ အထိသတ်မှတ်ထားသည်။ ဝယ်ယူခွင့်ရရှိပါက သုံးလအရစ်ကျစနစ်ဖြင့်ငွေပေးချေရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။တိုက်ခန်းဝယ်ယူရန်လျှောက်လွှာတင်သွင်းသူများမှာ မိသားစုဝင်ငွေနည်းပါပြီး နေထိုင်ရေးအခက်အခဲ ရှိသူဖြစ်ရမည်ဖြစ်ပြီး အိမ်ပိုင်ဆိုင်ထားသူမဖြစ်စေရ၊ တိုက်ခန်းတန်ဖိုးအားတစ်လုံးတည်းငွေအကြေ ပေးသွင်းခြင်း (သို့) သုံးလအတွင်းအရစ်ကျပေးသွင်းရမည်ဖြစ်ပြီး ပျက်ကွက်ပါကဝယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ကြောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှအခြားတိုက်ခန်းဝယ်ယူခွင့်ရရှိထားသူဖြစ်လျှင် ထပ်မံဝယ်ယူခွင့်မပြုကြောင်း၊ ဝယ်ယူခွင့်ရရှိပြီးနှစ် နှစ်အတွင်း အမည်ပြောင်းလဲခွင့်မပြုကြောင်း စသည့်စည်းကမ်းချက် ၁၄ ချက်ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများဝယ်ယူရန် လျှောက်ထားသူ လေးသိန်းကျော်ရှိဟုဆို
Feb 23 • 1:53 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
25 | 0 | 0 | 0 |