လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပုံမှားရိုက်ကာ လိမ်လည်သူများလာခြင်းကြောင့် အွန်လိုင်းဈေးရောင်းသူများ အခက်တွေ့လာခဲ့ကြောင်း သိရသည်။အဆိုပါ လိမ်လည်ကြသူများမှာ စားစရာများ၊ အဝတ်အထည်များ၊ စက်ပစ္စည်းများနှင့် တခြားလူသုံးကုန် ပစ္စည်း များကို အွန်လိုင်းပေါ်တွင် အမှန်တကယ် ဈေးရောင်းချနေသည့် Page များနှင့် Account များပုံစံတူ အတု ဖွင့်လှစ် ၍ ပုံမှားရိုက်ကာ ငွေကြေးလိမ်လည်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုလို လိမ်လည်ခြင်းများအပြင် ပုဂ္ဂိုလ်ရေးအရ အသုံးပြုနေကြသည့် Facebook အကောင့်များကိုလည်း အတု များဖွင့်လှစ်ကာ အဆိုပါ ပုဂ္ဂိုလ်နှင့်ရင်းနှီးကျွမ်းဝင်သူများထံမှ ငွေလိုက်ချေးသည့် လိမ်လည်မှုဖြစ်စဉ်များလည်း များပြားလာခဲ့ကြောင်း သိရသည်။



