ချင်းတိုင်းရင်းသားကဥဦးဆောင်ဖွင့်လှစ်ထားသောCung Music Academy ကျောင်းရဲ့ ၆ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဒီပလိုမာအောင်လက်မှတ်ပေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ လိုင်နှစ်ခြင်းဘုရားကျောင်းတွင်ကျင်းပခဲ့ပါသည်။သုံးနှစ်ကြာ ဂီတပညာဆည်းပူးပြီးနောက် ကျောင်းသား ၁၁ ယောက်က ဒီပလိုမာအောင်လက်မှတ် ရရှိကြပါသည်။၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကို ဇွန်လပထမပတ်တွင် စတင်တော့မှာဖြစ်တဲ့တွက် ခုကတည်းက ကျောင်းအပ်လက်ခံနေပြီး၄ထပ်ကျောင်းဆောင်သစ်လည်းဆောက်လုပ်နေပြီး ဒီနှစ်တွင်စတင်အသုံးပြုနိင်အောင်ဆောင်ရွက်နေကြောင်း သိရပါသည်။



