ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဝယ်သူပင်မရှိသည့် အခြေအနေသို့ရောက်ရှိနေသည်။ စီးပွားရေးအခက်အခဲများကြောင့် အိမ်ပြုပြင်ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းသည် အဓိက အကြောင်းအရင်းဖြစ်ပြီး၊ အသေးစားဆိုင်များအနေဖြင့် အငှားခမပြန်နိုင်သည့် အခြေအနေကြောင့် ပိတ်သိမ်းမှုများ ဖြစ်ပေါ်လာသည်။ ဆောက်လုပ်ရေးလုပ်သားများလည်း အလုပ်မရှိသဖြင့် ကြုံရာကျပန်း အလုပ်များရှာဖွေနေရကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်သည် ထပ်မံကျဆင်းနိုင်မည်ဟု လုပ်ငန်းရှင်များ ခန့်မှန်းထားကြသည်။



