ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း KTV ဆိုင်များ၏ လိုင်စင်အခြေအနေကို စစ်ဆေးပြီး လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့်ဆိုင်များကို အရေးယူရန် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့သည်။ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းဆတ်စသည့် ခရိုင်များတွင် KTV များကို လိုင်စင်စစ်ဆေးပြီး၊ လိုင်စင်မရှိသည့်ဆိုင်များကို အရေးယူရန် ညွှန်ကြားထားပြီး၊ KTV များကို စစ်ဆေးနေကြောင်း နယ်ပယ် တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။KTV လိုင်စင်တွင် လျှောက်ထားဆဲ သို့မဟုတ် လိုင်စင်မရှိသေးသောဆိုင်များအကြောင်းကို နောက်ထပ် တင်ပြထားမည်ဖြစ်ကြောင်းလည်း သိရသည်။



