ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို ခရီးစဉ် အချိန်ပြောင်းလဲ ပြေးဆွဲသွားမည်

Feb 20 • 3:44 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို ခရီးစဉ် အချိန်ပြောင်းလဲ ပြေးဆွဲသွားမည်

မြန်မာအမျိုးသားလေကြောင်းသည် ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။ လာမည...

မြန်မာအမျိုးသားလေကြောင်းသည် ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။ လာမည့် ၂၀၂၅ခုနှစ်၊ မတ်လ ၂ ရက်မှစတင်၍ မတ်လ ၃၁ ရက်အထိ ခရီးစဉ်အချိန်ပြောင်းလဲပြေးဆွဲသွားမည်။ လေယာဉ်ခရီးစဉ်အမှတ် UB-009 ဖြင့် မြန်မာနိုင်ငံ ဒေသစံတော်ချိန် ည ၇နာရီ ၅၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၉ နာရီ ၂၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။ လေယာဉ်ခရီးစဉ်အမှတ် UB-010 ဖြင့် ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန်ည ၁၀ နာရီ ၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်။


Departure         Arrival

            (Local Time)

✈️UB-009

Yangon             Chiang Mai

19:50                21:20


✈️UB-010

Chiang Mai       Yangon

22:05                22:35


news-view-count-icon

17