အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ မာစီးဒီးစ်အသင်း ဒရိုင်ဗာအသစ် အီတလီနိုင်ငံသား အန်တိုနယ်လီက မာစီးဒီးစ်အသင်းနဲ့အတူ အောင်မြင်မှုတွေရခဲ့တဲ့ ဟာမီလ်တန်ကို အားကျသူဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ မာစီးဒီးစ်အသင်းဟာ ပြိုင်ဘက်ဖာရာရီအသင်းဆီကို ပြောင်းသွားခဲ့တဲ့ ဟာမီလ်တန်ရဲ့နေရာမှာ အန်တိုနယ်လီကို အစားထိုးခဲ့တာဖြစ်ပြီး အန်တိုနယ်လီအတွက် အခုနှစ် ဖော်မြူလာဝမ်းပြိုင်ပွဲက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မှု ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့လကမှ အရည်အသွေး စမ်းသပ်မှုအောင်မြင်ခဲ့တဲ့ အန်တိုနယ်လီက ဟာမီလ်တန်ရဲ့ အကြံ ပေးမှုကို လိုက်နာသွားမှာဖြစ်ပြီး အနာဂတ်မှာ ဟာမီလ်တန်လို အောင်မြင်မှုရဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။



