မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ် ကွက်၊ အရှေ့မြို့ပါတ်လမ်း၊ ၄၃လမ်းနှင့် ၁၀၁ (သိပ္ပံ) လမ်းကြားက လမ်းဘေးရေမြောင်းအတွင်းမှာ ဖေဖော် ဝါရီလ၁၅ရက် မွန်းလွဲ၃နာရီက အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါသည်။ရုပ်အလောင်းကို တွေ့ရှိချိန်မှာ အပေါ်ပိုင်းဘရာစီယာအ နက်ရောင်ဝတ်ဆင်ထားပြီး အောက်ပိုင်းမှာ အဝတ်အစားမဲ့အနေအထားဖြစ်ကာ သေဆုံးသူရဲ့လက်ဖျံမှာ 'ရိုစီ" အ မည်နဲ့ ဆေးမင်ကြောင်ထိုးထားတာကို တွေ့ခဲ့ရတယ်လို့လည်း သိရပါသည်။



