" နေဝင်းရဲ့အိုက်တင်က သူများနဲ့မတူဘူး၊ ဦးကျော်ဟိန်းနဲ့တူတယ်လို့ ထင်ရပေမယ့် သူ့ပုံစံနဲ့သူရှိတယ်၊ အခုဆို နေဝင်းလည်း မလွယ်ဘူး ဒီနှစ်ကုန်ထိ ရိုက်ကူးရက်တွေ ပြည့်နေတာ၊ ဦးကျော်ဟိန်းတုန်းကလည်း အဲ့လိုပဲ ဇာတ်ကားရိုက်ဖို့ နှစ်နဲ့ချီ စောင့်ခဲ့ရသလိုနေဝင်းက သီချင်းလည်းဆိုတယ်၊ ရုပ်ရှင်လည်း ရိုက်တယ်၊ ဒါပေမယ့် အိုက်တင်ပိုင်းတင် မဟုတ်ဘဲ management ပိုင်းတွေပါ လေ့လာရမယ်၊ အကုန်လေ့လာရမယ်၊ဦးကျော်ဟိန်းက လူအများကြား ရုပ်ဖျက်ပြီး လူတွေကို လေ့လာတယ်၊ ရှိုးပွဲတွေအောက်မှာ လေ့လာတယ်၊ သိချင်တာတွေကို အိမ်ခေါ်မေးတယ်အနုပညာချည်း မဟုတ်ဘဲ လူတွေကို လေ့လာပါ " လို့ သရုပ်ဆောင်နဲ့အဆိုတော်နေဝင်းကိုဒါရိုက်တာ စင်ရော်မောင်မောင်မှသင်ပြပေးလိုက်ပါတယ်။
လူတွေကြားမှာ လူတွေအကြောင်း လေ့လာဖို့ သရုပ်ဆောင်နေဝင်းကို အကြံပေးခဲ့တဲ့ ဒါရိုက်တာစင်ရော်မောင်မောင်
Feb 19 • 1:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 55 | 0 | 0 | 0 |


