ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်ရှိ “KTV” ဆိုင်မှာ အလုပ်လုပ်နေခဲ့သည့် ထိုင်းနိုင်ငံ၊ ဖိုးဖမြို့နယ်ဘက်ကို ခိုးဝင်လာတဲ့ ထိုင်းနိုင်ငံသူ ၂ ဦး အပါအဝင် အမျိုးသမီး ၅ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက် မနက် ၆ နာရီအချိန်တွင် အဆိုပါ အမျိုးသမီး ၅ ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ တာ့က်ခရိုင်၊ ဖိုးဖမြို့နယ်၊ ချောင့်ခဲ့ကျေးရွာဘက်ကို သောင်ရင်းမြစ်ဖြတ်ကူး၍ ဝင်ရောက်လာသည့်အခါ ထိုင်းစစ်တပ်နှင့် တွေ့ဆုံ၍ ဖမ်းဆီးခံခဲ့ရပါသည်။ဖမ်းဆီးခံရသူများသည် အသက် ၂၀ ကျော် ငယ်ရွယ်သူများဖြစ်ပြီး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦးနှင့် လာအိုနိုင်ငံသား အမျိုးသမီး ၃ ဦးပါဝင်ကြောင်း သိရသည်။ အဆိုပါ သူများသည် မြန်မာနိုင်ငံတွင် လျှပ်စစ်မီးနှင့် အင်တာနက်မရရှိခြင်းကြောင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြောင်း တာဝန်ရှိသူများထံမှ ဝန်ခံပြောဆိုခဲ့ကြသည်။ဖမ်းဆီးခံရသူများကို ဖိုးဖရဲစခန်းတွင် ထိန်းသိမ်းထားပြီး၊ အခုအချိန်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုအတွက် အမှုဖွင့်လှစ်ပြီး၊ ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု သိရပါတယ်။