ဇန်နဝါရီ ၁၄ ရက် ကနေ ၃၁ ရက်နေ့အထိ အချိန်၂ပတ်အတွင်း ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သူ ၁၂၀ဦးကိုသက်သေခံ ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိထားကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ (YRTC) ကပြောပါသည်။YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သူ ၁၂၀ ဦး၊ဖုန်း ၂၈၂ လုံး၊အိတ် ၁၁ လုံး၊ ငွေသား ၁၀ သိန်း တို့နဲ့အတူ သက်သေခံ ယာဉ်တစီးတို့ကိုပါ ဖမ်းဆီးထိန်း သိမ်းခဲ့ရတယ်လို့ သိရပါသည်။



