အိန္ဒိယနိုင်ငံ၊ Telangana Chambers of Commerce & In- dustry- FTCCI မှ ကြီးမှူး၍ FTCCI Experiential Tourism MICE Fair 2025 ကို အိန္ဒိယနိုင်ငံ၊ Deccan တွင် မေလ 26-27 ရက်နေ့၌ ကျင်းပမည်ဖြစ်ပါသည်။မြန်မာနိုင်ငံသည် ယဉ်ကျေးမှု ကြွယ်ဝပြီး ကြီးမားကျယ်ပြန့်သော ဗုဒ္ဓဘာသာဘုရားကျောင်းများ၊ ဘုရားပုထိုးများနှင့် ဆွဲဆောင်မှုရှိသော ရှုခင်းများရှိသော နိုင်ငံဖြစ်သောကြောင့် စီးပွားရေးအရအခွင့်ကောင်းတစ်ခုဖြစ်သည်။ရင်သပ်ရှုမောဖွယ် ခရီးသွား ခရီးစဉ်များ နှင့် မမြင်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များကို ပြသရန်၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုကို ထူထောင်ကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်စိတ်ဝင်စားသော မြန်မာစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ အီးမေးလ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။



