သင်္ကြန်မတိုင်မီ မြန်မာ့ရိုးရာဝတ်စုံများ ဝယ်လိုအားများလာ

Feb 09 • 7:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သင်္ကြန်မတိုင်မီ မြန်မာ့ရိုးရာဝတ်စုံများ ဝယ်လိုအားများလာ

သင်္ကြန်နှင့် ပွဲတော်များ နီးကပ်လာခြင်းကြောင့် ချည်ထည်နှင့် ပိုးထည် ဒီဇိုင်းများ အပါအဝင် မြန်မာ့ရိုးရာ ၀တ်စုံများ ရောင်းချမှု မြင့်တက်လာကြောင်း အထည်ဆိုင်အချို့...

သင်္ကြန်နှင့် ပွဲတော်များ နီးကပ်လာခြင်းကြောင့် ချည်ထည်နှင့် ပိုးထည် ဒီဇိုင်းများ အပါအဝင် မြန်မာ့ရိုးရာ ၀တ်စုံများ ရောင်းချမှု မြင့်တက်လာကြောင်း အထည်ဆိုင်အချို့ထံမှ သိရသည်။နွေရာသီပိတ်ရက်များတွင် အလှူပွဲအစီအစဥ်များ များပြားလာမည်ဖြစ်သောကြောင့် လုံချည်၊ပုဆိုးများ နှင့် အခြားရိုးရာအ၀တ်အထည်များကို ဝယ်ယူနေကြသည်ဟု သာကေတမြို့နယ်ရှိ စတိုးဆိုင်မှ အရောင်းဝန်ထမ်းမိန်းကလေးတစ်ဦးက ပြောသည်။သင်္ကြန်အတွက် ပြန်လည်ရောင်းချရန် မြို့ကြီးများမှ အော်ဒါများလည်း ရှိသည်။ ယနေ့ခေတ်တွင် အမျိုးသမီးငယ်များသည် ရိုးရာအဝတ်အစားများကို စိတ်ဝင်စားစွာ ဝတ်ဆင်လာကြပြီး အချို့သော နိုင်ငံရပ်ခြားတွင် နေထိုင်သူများကလည်း ယင်းတို့ကို ဝတ်ဆင်ရန် အကြုံပြုကြသည်။သီတင်းကျွတ်၊ တန်ဆောင်မုန်း နှင့် သင်္ကြန် ကဲ့သို့သော ပွဲတော်ကာလများတွင် မြန်မာ့ရိုးရာ အထည်များ ပိုမိုရောင်းချရကြောင်း ကုန်သည်များက ပြောသည်။

news-view-count-icon

38