၂၀၂၄ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပွဲတက်ရောက်လာသော မြန်မာ့ရုပ်ရှင် အနုပညာရှင်လေးဦးကို Fashion Award ဆု ပေးအပ်သွားမှာဖြစ်တယ်လို့ မြန်မာ့ရုပ်ရှင် အစည်းအရုံးမှ သိရပါတယ်။ပထမဆုံး ချီးမြှင့်ပေးသွားမယ့် “MYANMAR ACADEMY FASHION AWARD / မြန်မာ့အကယ်ဒမီဖက်ရှင်ဆု” များကတော့-
၁။ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆု
၂။အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု
၃။အကောင်းဆုံးဝတ်စားဆင်ယင်မှု အမျိုးသားဆု
၄။အကောင်းဆုံးဝတ်စားဆင်ယင်မှု အမျိုးသမီးဆုစတဲ့ဆုလေးဆုကို ပေးအပ်သွားမှာဖြစ်ပါတယ်။




