ဖေဖော်ဝါရီ ၉ ရက်နေ့ ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)တွင် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပမည်ဖြစ်ပါတယ်။အကယ်ဒမီပေးပွဲ၏ Stage Design တွင် အပြာရောင်ကာလာနှင့် ပုံဖော်ထားသည်ကို တွေ့မြင်ရသလို၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီရွှေစင်ရုပ်ထု ၁၂ ဆု လျာထားပြီး ဖက်ရှင်ဆုအပါအဝင် ရုပ်ရှင်တစ်သက်တာဆုများကိုလည်း ချီးမြှင့်မည်ဖြစ်သည်။ အကယ်ဒမီရွှေစင်ရုပ်တုတွင် တပ်ဆင်ထားသည့် ရွှေကြယ်မှာ ရွှေငါးကျပ်သား အလေးချိန်ရှိပါတယ်။
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား၏ Stage Design နဲ့ဆုအမျိုးအစားများဖော်ပြ
Feb 09 • 4:34 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 199 | 0 | 0 | 0 |


