ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းမကြီး၊ မဟာစည်ဘုန်းကြီးကျောင်းအနီး၌ ဖွင့်လှစ်ထားသည့် ပတ္တမြားမယ်ဆီဆိုင်ခွဲ၊ ပတ္တမြားမယ် ဆီဆိုင်မိသားစုမှ ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် ဆိုင်ကယ်တက္ကစီ အစီး(၁၀၀၀)အား တစ်စီးလျှင် ကျပ် (၁၀၀၀၀) ဖိုးစီ စက်သုံးဆီ လှူဒါန်းပေးနေကြောင်း သိရပါသည်။



