သရုပ်ဆောင်မင်းသားကြီးသီဟတင်စိုး နဲ့ မင်းသမီးကြီး ဇင်မာဦးတို့ရဲ့ သားဖြစ်သူ စစ်နိုင်သီဟဦးက သူ့ရဲ့နားရက်တွေမှာပါ အင်တာဗျူးဖို့ပြောလာတာမျိုး ရှိတဲ့အတွက် အင်တာဗျူး တစ်ခါလုပ်ရင် ငွေကျပ် ၅သိန်းယူမယ်လို့ ပြောခဲ့ပါတယ်။သူ့ကိုအင်တာဗျူးတွေအရမ်းလိုက်မေးနေတာ ခဏလောက်ရပ်သွားမလားဆိုတဲ့ စိတ်နဲ့သာ ထိုစကားကို ပြောခဲ့တာဖြစ်ပြီး ငွေရေးကြေးရေး ရလို စိတ်နဲ့ ပြောလိုက်တာမဟုတ်ဘူးလို့လည်း သူက မီဒီယာထံရှင်းပြပြီး အခုလို ပြောလိုက်မိတဲ့အတွက်လည်း တောင်းပန်စကားဆိုခဲ့ပါတယ်။
မီဒီယာမှ သူ့ကို အင်တာဗျူးတစ်ခါလုပ်ရင် ၅သိန်းပေးရမယ်လို့ ပြောလိုက်မိတဲ့အပေါ် ပြန်လည်တောင်းပန်ခဲ့တဲ့ သရုပ်ဆောင်စစ်နိုင်သီဟဦး
Feb 06 • 1:41 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
32 | 0 | 0 | 0 |