ဆယ်စုနှစ်အတွင်း ထရီလျံနာ ၅ ဦးအထိ ပေါ်ပေါက်လာနိုင်ဟု Oxfam အဖွဲ့ခန့်မှန်း

Jan 21 • 5:23 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဆယ်စုနှစ်အတွင်း ထရီလျံနာ ၅ ဦးအထိ ပေါ်ပေါက်လာနိုင်ဟု Oxfam အဖွဲ့ခန့်မှန်း

၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ ကြွယ်ဝမှုဟာ “ထင်မှတ်မထားလောက်အောင်” ထပ်တိုးလာခဲ့တယ်လို့ Oxfam အဖွဲ့ရဲ့ နောက်ဆုံး နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါသည...


၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ ကြွယ်ဝမှုဟာ “ထင်မှတ်မထားလောက်အောင်” ထပ်တိုးလာခဲ့တယ်လို့ Oxfam အဖွဲ့ရဲ့ နောက်ဆုံး နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါသည်။လာမယ့် ၁၀ နှစ်အတွင်း ထရီလျံနာ ၅ ယောက်ထက်မနည်း ပေါ်ထွက်နိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။၁၂ လတာကာလအတွင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ စုစုပေါင်းပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၃ ထရီလျံကနေ ၁၅ ထရီလျံအထိ မြင့်တက်ခဲ့တာပါ။ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့ Oxfam ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ အာမီတာ ဘီဟာ ကတော့ “ကမ္ဘာ့စီးပွားရေးအပေါ် အခွင့်ထူးခံလူနည်းစုရဲ့ လက်ဝါးကြီးအုပ်မှုဟာ မဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ အတိုင်းအတာအထိ ရောက်လာခဲ့ပါပြီ။ ဘီလျံနာ သူဌေးတွေကို မထိန်းချုပ်နိုင်တဲ့အတွက် မကြာခင် ထရီလျံနာတွေ ဖြစ်လာတော့မယ်” လို့ မှတ်ချက်ပြုပါသည်။


news-view-count-icon

19