




မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် ဇန်နဝါရီ (၁၇) ရက်၊ နံနက် (၁၀)နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ နေအိမ် (၂)လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ဇန်နဝါရီ (၁၇)ရက်၊ နံနက် (၁၀)နာရီ (၁၃)မိနစ်အချိန်ခန့်က အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ ဒေသတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် (၁၀)နာရီ (၂၆)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နံနက် (၁၀)နာရီ (၂၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုနှင့် မီးလောင်မှု အကြောင်းရင်း အသေးစိတ်ကို တာဝန်ရှိသူများကဆက်လက်ဆောင်ရွက်သွားမည်။


